ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်တွင် အုတ်စီရေမြောင်း တည်ဆောင်ခြင်းလုပ်ငန်း‌ ဆောင်ရွက်မှု(၇၅)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ ဇွန် ၃
 
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့် ရေစီး‌ရေလာ‌ကောင်းမွန်စေ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း များ‌ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၂၃.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂) ရပ်ကွက် အထက‌ ကျောင်းလမ်းတွင် အုတ်စီရေ မြောင်း‌တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
 
ရေစီးရေလာကောင်းမွန်စေ‌ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရှည် (၇၈၅)ပေ၊ အကျယ်(၂)ပေ ၊အနက် (၃)ပေရှိ အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်သိမ့်သိမ့်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
အဆိုပါ လုပ်ငန်းကိုမေလ ဒုတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် (၇၅) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ် ကြောင်း နှင့်လုပ်ငန်းပြီးစီးပါကမြို့သာယာလှပ‌စေပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် ကျန်းမာရေးအတွက် အထောက် အကူ ပြု‌စေမည် ဖြစ်ကြာင်းသိရသည်။