သတင်းများ

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေး ကြည့်ရှုစစ်ဆေး
Jun 03,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ အဖွဲ့ဝင် (၄) ဦးစောခင်မောင်မြင့်၊ အဖွဲ့ဝင်(၅)ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် အမျိုးသမီးများအဖွဲ့ (Women Club) တို့ ပူးပေါင်း၍ စာရေးဆရာ အိုဗြောင်းဟက် ရေးသားသည့် သက်ထားဆွေ ဘာသာပြန်ထားသော HELEN KELLER ၏ သူမနှင့်သူမဘဝ စာအုပ်ကို ယနေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပ
Jun 03,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community   Centre  ခန်းမတွင်    ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အကြောင်း   အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
မက်မန်းမြို့တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Jun 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ဘုရားသုံးဆူမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိ
Jun 03,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အနေဖြင့် မိုးရာသီ စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း၊ မန်ဂျာရှား၊ ပျဉ်းကဒိုးနှင့် မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း (၂၀၀၀၀) ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 03,2021
ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
မင်းလှမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်း အဝေးကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ယနေ့ နံနက် ၁၀ နာရီချိန်က ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အောင်ပွဲရ မတ္တရာမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြု ဆုချီးမြှင့်
Jun 03,2021
ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မတ္တရာမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။