သတင်းများ

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရေးမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jun 03,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များအား ပုံမှန်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးဆေးခန်း ၌ပြုလုပ်သည်။
မိတ္ထီလာမြို့တွင် ၂ဝ၂၁-၂ဝ၂၁ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
Jun 03,2021
မိတ္ထီလာမြို့တွင် ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ကျင်းပကြောင်းသိရသည်။
ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၂၉၅၀၀) အခမဲ့ဖြန့်ဝေ
Jun 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာန၏ မိုးရာသီစိုက်ပျိုးရန်အတွက် မြို့မသစ်တော ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော ပျိုးပင်ပေါင်း(၂၉၅၀၀) ကို ပြည်သူများထံသို့ ယမန်နေ့ နံနက်၉နာရီမှ စတင်၍ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များမှ သွားရောက်ကြည့်ရှုအားပေး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား ယမန်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ပုလောမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ၄၀၂ သိန်းကို စတင်ထုတ်ပေး
Jun 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ များကို ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့နယ်၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၌ ရှမ်းဒွတ်ကျေးရွာအုပ်စုရှိ တောင်သူ များကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရပါ သည်။
မိုးဦးကျ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာထွက် သစ်ပင်မျိုးစုံ ပျိုးပင်ပေါက် ရောင်းအား ကောင်းနေ
Jun 03,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာတွင် သစ်ပင်မျိုးစုံ ပျိုးပင်ပေါက်များ မိုးဦးကျချိန်မှ စတင်ကာ ရောင်းအားကောင်း လျက်ရှိနေကြောင်း ဆည်ပေါက်ကျေးရွာ ဖူးဖူးပျိုးပင်မျိုးစုံ ရောင်းဝယ်ရေးပိုင်ရှင် ဦးကျော်ဝင်းနိုင်ထံက သိရသည်။
ကိုကိုးကျွန်းမြို့နယ်၌ အခြေခံပညာကျောင်း များ စတင်ဖွင့်လှစ် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြား လျက်ရှိ
Jun 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများကို ယမန်နေ့ နံနက် ၉ နာရီစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားလျက်ရှိသည်။