ပေါင်းတည်မြို့နယ် ၊ မြို့မဈေးကြီးအတွင်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်

 

ပေါင်းတည် ဇွန်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင် သွားလာခြင်း မရှိသူ များအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပေါင်းတည် မြို့မဈေးကြီး အတွင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးရှေ့ ဖြတ်သန်းသွားလာကြသူများနှင့်ဈေးဝယ်လာသူများကို Mask များ အခမဲ့ ဖြန့်ဝေ ပေးခြင်း၊ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးခြင်းတို့ကို ပြုလုပ် ခဲ့ကြောင်း သိရ သည်။

ချစ်နှင်းသုန် (ပြန်/ဆက်)