ပေါင်းတည် ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် (၈)နာရီခွဲအချိန်က ရပ်ကွက်များမှ ကလေးငယ် များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို မြို့နယ် ပြည်သူ့ ဆေးရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက် အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက် အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ရောဂါ (ရိုတာ ကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယို အကြောသေ ရောဂါ ကာကွယ် ဆေးကိုလည်း တိုက်ကျွေးခဲ့ကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)