တောင်ကြီး ဇွန် ၃
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)၊ (၄)၊ (၇)နှင့် အောင်သပြေတပ်ကျောင်း၊ ရွှေညောင် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၇၄၄)ဦး၊ တက်ရောက်သူ (၁၃၈)ဦး၊ ပျက်ကွက်(၆၀၆)ဦး၊ ရာခိုင်နှုန်း (၁၈. ၅၅)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၃၅၅)ဦး၊ တက်ရောက်သူ (၁၃၄)ဦး၊ ပျက်ကွက်(၂၂၀)ဦး၊ ရာခိုင်နှုန်း (၃၇.၇၅)၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ ဦးရေ (၈၂၇)ဦး၊ တက်ရောက်သူ (၄၃၈)ဦး၊ ပျက်ကွက်(၃၈၉)ဦး၊ ရာခိုင်နှုန်း (၅၂.၉၆)၊ အောင်သပြေ၊ ခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၇၉၆)ဦး၊ တက်ရောက်သူ(၆၅၀)ဦး၊ ပျက်ကွက် (၁၄၆)ဦး၊ ရာခိုင်နှုန်း (၈၁.၆၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ ဦးရေ (၇၄၄)ဦး၊ တက်ရောက်သူ (၁၃၈)ဦး၊ ပျက်ကွက်(၆၀၆)ဦး၊ ရာခိုင်နှုန်း (၁၈.၅၅)၊ ရွှေညောင် အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၉၁၄)ဦး၊ တက်ရောက်သူ (၈၇၉)ဦး၊ ပျက်ကွက်(၃၅)ဦး၊ ရာခိုင်နှုန်း (၉၆.၁၇)၊ စုစုပေါင်း ကျောင်းအပ်နှံသူ ဦးရေ(၃၆၃၆)ဦး၊ တက်ရောက်သူ(၂၂၃၉)ဦး၊ ပျက်ကွက်သူ(၁၃၉၇)ဦး၊ ရာခိုင်နှုန်း(၆၁.၅၈)ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)