သတင်းများ

အောင်မြေသာစံမြို့နယ်တွင် ခုတင်(၅၀)ဆံ့ ကိုဗစ်-၁၉ စင်တာဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 03,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ခုတင် (၅၀)ဆံ့ ကိုဗစ်-၁၉ စင်တာ ဖွင့်လှစ်နိုင်ရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်၆နာရီက အဆိုပါစင်တာ ဖွင့်လှစ်မည့် ခုတင်(၁၀၀) တိုင်းရင်းဆေးရုံကြီး (မန္တလေး)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်ထန်းကုန်း ကျေးရွာအတွင်းမြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းပြီးစီး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမဲခေါင်ကျေးရွာ အုပ်စု၊ ထန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုး ငွေနှင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ယနေ့နံနက် ၁:၀၀နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရ ပါသည်။
လက်ပံတန်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာ၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ခဝဲသီးစိုက်တောင်သူများ စျေးနှုန်းအသင့်အတင့်ရရှိ၍ အဆင်ပြေလျက်ရှိ
Jun 03,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ    ကျေးရွာအချို့တွင်   ရာသီပေါ်သီးနှံဖြစ်သည့်ခဝဲသီးပင်များစိုက်ပျိူးလျက်ရှိပြီးယခုအခါ  ခဝဲသီးများ လှိုင်လှိုင်ပေါ်နေပြီး ဖြစ်ရာစိုက်ပျိုးသူတောင်သူများအနေဖြင့်  အောင်မြင်ဖြစ်ထွန်း၍    စျေးနှုန်းအသင့်အတင့်ရရှိပြီး  အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်၌ ကျောင်းဖွင့်ရက် တတိယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာသင်ကြားလျက်ရှိ
Jun 03,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ရာ တတိယနေ့ တွင်ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့် လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထန်းတင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန့်နေ့က ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် သင်ကြားရေးလုပ်ငန်းများ ပိုမို အောင်မြင် အောင် ဆောင်ရွက်နိုင်ရေးဆွေးနွေး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများ တွေ့ဆုံကာ အခြေခံပညာကျောင်းများ တွင် သင်ကြားရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင်ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းများဆောင်ရွက်
Jun 03,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြတ်မြတ်နှင်း ဦးဆောင်မှုဖြင့်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကယနေ့နံနက် ၉ နာရီချိန်တွင် ရွှေပြည်သာ မြို့နယ်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိုက်ကျွေး ပေးခြင်း များကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။