သတင်းများ

အင်းစိန်မြို့နယ်၌ လူသွားစင်္ကြန်(Platform)ပြုလုပ်ရန် ပြင်ဆင်နေသည့် လုပ်ငန်းခွင်သို့ စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍
ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ(၉၆၀၆၉)ဦးရှိ
Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၆၀၆၉)ဦးရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနား
Aug 14,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ရပ်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ အများယုံကြည်လက်ခံမှု ၊ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့်တစ်ထပ်တည်း ဖြစ်စေရေး ဟူသောရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီများ On Line အသုံးပြုကာ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုင်းတုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ (ဒုတိယ)အကြိမ် ထောက်ပံ့ပေးအပ်
Aug 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ (ဒုတိယ)အကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုသိမ်မြို့တွင် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ Swen Hotel ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀%(ရာခိုင်နှုန်း) ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကျင်းပရာ ထောက်ပံ့​ ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ အာမခံ အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။
ကန့်ဘလူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တေဇခန်းမ၌ ကျင်းပကြောင်း သိရသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု (၄၄၀၆၄) စုအား ထောက်ပံ့ငွေများ ပေးအပ်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းသိရသည်။