သတင်းများ

ဒိုက်ဦးမြို့၊အမှတ်တွင်၆ မင်းတဲရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဇွန်လ ၁၈ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ အမှတ် ၆ မင်းတဲရပ်ကွက်၊ ဓမ္မာရုံ၌ ပြုလုပ်ပေးသည်။
ကြို့ပင်ကောက်မြို့တွင် နှာခေါင်းစည်း(Mask)များတပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်သွားလာရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်လွဲပိုင်း ကဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် တောင်ကုတ်မြို့၌ ကျင်းပ
Jun 18,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို တောင်ကုတ်မြို့ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းရှေ့ လမ်းဘေးဝဲယာနှင့် တောင်ကုတ် မန်အောင် ရွှေလင်းယုန် အမြန်ရေ ယာဉ်ဆိပ်ဆင်း လမ်းမကြီး လမ်းဘေးဝဲယာတို့၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။
နမ့်စန်တွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား ၂၅ နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက် ရွေးချယ်
Jun 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁ခုနှစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက် ရွေးချယ်ပွဲကို ယနေ့နေ့လည် ၁နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင်နှင့်မြို့နယ်အား/ကာ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။
ကျုံပျော်တွင် လျှပ်စစ်သံဂဟေဆက် (အခမဲ့) သင်တန်းဆင်းပွဲကျင်းပ
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင် ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သံဂဟေဆက် (အခမဲ့)သင်တန်း ဆင်းပွဲကို အဆိုပါရုံးသင်တန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ကျောက်ကြီးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ယနေ့ မနက်(၁၀)နာရီအချိန်တွင် ပြန်/ဆက် ဝန်ထမ်းများမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော အသိနှင့်ပညာ စာအုပ်ဖြင့် ရုံးတွင်း စာဖတ်ဝိုင်း ပြုလုပ် ခဲ့ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းမှ ပြည်သူများအား နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင် ယာဉ်ကား(၂)စီးဖြင့် ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ သွေးလွန်တုတ်ကွေးကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် (အဘိတ်) ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက် 
Jun 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ မိုးရာ သီတွင် ခြင်မှ ကူးစက်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲစစ် စနစ်ဖြင့် ပိုးလောက်လန်းသေ (အဘိတ်) ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။