မဘိမ်း ဇွန် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း က ပညာသင်စရိတ်ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းသား/သမီး များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်၊ ဒုတိယဦးစီးမှူး ဦးကိုကိုအေးနှင့် မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီ ဥက္ကဌ ဒေါ်ဇာဇာချစ်တို့က ဝန်ထမ်းသားသမီး(၁၄)ဦးအား ငွေသား ၄ဝဝဝဝဝ/-ကျပ်နှင့် စာရေးကရိ ယာတန်ဖိုးငွေ ၅ဝဝဝဝ/-ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ ၄၅ဝဝဝဝ/- ကျပ်တို့အား ဝန်ထမ်းသား/သမီး များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်း( ပြန်/ဆက် )