သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီး/သံဂဟေဆက် သင်တန်းဖွင့်လှစ်
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ညောင်ပင်သာကျေးရွာ ဘုရားကျောင်းတွင် ကျေးလက်နေပြည် သူများ မိသားစုဝင်ငွေရရှိစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီး/သံဂဟေဆက်သင်တန်းကို ယနေ့နံနက်(၉:၀၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပင်လည်ဘူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Woman Club) စာဖတ်ဝိုင်း ကျင်းပ
Jun 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club) အသင်းတို့ ပူးပေါင်း၍ မှိုင်း(ဆေး-၂)ရေးသားသည့် "အသီးအရွက် နီးလျက် မဝေးစေလို" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၂)နာရီက ပင်လည်ဘူးမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နယ်လှည့်စာကြည့်တိုက်နှင့်စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်များစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်တောင်များ အား ကွင်းဆင်းလေ့လာကြမည့် ဘူမိဗေဒပညာရှင်အဖွဲ့ဝင်များအား အုပ်ချုပ်/ထောက်ပံ့ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေး
Jun 18,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ထုံးကျောက်များ ထွက်ရှိနိုင်မည့် ထုံးကျောက် တောင်များအား ကွင်းဆင်းလေ့လာရေးဆောင်ရွက်ကြမည့် ဘူမိဗေဒအဖွဲ့များ၏ ခရီးစဉ်အတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စစ်ကိုင်းမြို့တွင် အသက်(၂၅)နှစ်အောက် ဖူဆယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်
Jun 18,2021
စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက်ဖူဆယ် အမျိုးသားဘော့လုံးပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲကို ဇွန်(၁၈)ရက်၊ မွန်းလွဲ(၁)နာရီက စစ်ကိုင်းနှစ်(၇၀၀) ကွင်းအတွင်းရှိ ဖူဆယ် အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jun 18,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများအား အခြေခံစက်ချုပ်သင်တန်း များကို သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဒေသခံပြည်သူများ၊ စာပေဝါသနာရှင် များအား စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတများ တိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်တိုးပွားလာစေရေးနှင့်စာပေချစ်သူများ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေး တတ်စေရန် ရည်ရွယ်၍ ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
မံစီမြို့နယ်၌ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 18,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ ပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မံစီမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက မံစီမြို့ ဂျိန်းဖော့မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။