သတင်းများ

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် ၀န်ထမ်းများနှင့် စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centre ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)  ရေးသားသည့် “ ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ နှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူ၌ ခရိုင်အဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်​နောင်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ခရိုင်အဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးရန် ချေးငွေကျပ်သိန်း (၆၂၂၈) လျာထား
Jun 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက် တောင်သူ များ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေကျပ်သိန်း (၆၂၂၈) ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက သိရသည်။
ရွှေဘိုခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 18,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့ရည်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လေပြင်းတိုက်၍ သစ်ပင်လဲကျမှုဖြစ်ပွား
Jun 18,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံ​မြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ယမန်နေ့က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၁)ရပ်ကွက်၊ မဟေသီလမ်းတွင် သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအနေဖြင့် အသိပေးနှိုးဆော်ချက် ကြော်ငြာထားရှိ ဆောင်ရွက်
Jun 18,2021
ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ဘူတာ(၃)လမ်းစျေးအနီး Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းအနေဖြင့် နေ့စဉ် (၁၆:၀၀)နာရီအချိန်မှစ၍ လုံးဝစျေးရောင်းချခြင်းမပြုရန် အသိပေး နှိုးဆော်ချက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၁) ရပ်ကွက် ကမ္ဘာအေးကွက်သစ်(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ် (၇၅၀၀၀၀၀/-) ခုနှစ်ဆယ့်ငါးသိန်းဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၁)ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။