မိုးညှင်း ဇွန် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက် ၁၀ နာရီက နားခါရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ဖြိုးဟန်ဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသူနှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီးသူမှစ၍ နိုင်ငံသားများအား ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိရေးအတွက် ရည်ရွယ်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကို အမျိုးသား(၄၈)ဦး၊ အမျိုးသမီး(၄၁)ဦး စုစုပေါင်း (၈၉)ဦးအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ကြားချက်များနှင့်အညီ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများကို မေလ(၃)ရက်နေ့မှ စတင် ဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအတွက်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)