ပုဗ္ဗသီရိ ဇွန် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ စာရေးဆရာမ သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ဇနီးမောင်နှံအကြား ပစ္စည်းပိုင်ဆိုင်ခွင့် ပြဌာန်းထားမှုများ အကြောင်း၊ အမျိုးသမီးများ အိမ်ထောင်ရေးအဆင်မပြေသည့်အခါ ကွာရှင်းရန် အခွင့်အရေးများ အကြောင်း၊ မိသားစုများအတွင်း အမွေဆက်ခံပိုင်ခွင့်နှင့်ပတ်သက်၍ ဥပဒေပြဌာန်းချက်များ အကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)