သတင်းများ

ဥတ္တရသီရိမြို့နယ် ပန်းတင်ကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေး
Jun 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက တတိယအကြိမ်မြောက် မြစိမ်းရောင်အရင်း မပျောက်လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ပန်းတင်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်၊၊
ဇေယျာသီရိ၌ Mask Campaign ဆောင်ရွက်
Jun 18,2021
နေပြည်တော်၊    ဇေယျာသီရိမြို့နယ်တွင်   ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍  Mask   Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်စံအောင်ဈေးနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ပြုလုပ်ခဲ့သည်။
ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်
Jun 18,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပြန်လည်ဖြစ်ပွားနေလျက်ရှိရာ နေပြည်တော်အတွင်း ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ပြည်တွင်း/ပြည်ပမှ ပြန်လည်ရောက်ရှိသူများ၊ ရောဂါဖြစ်ပွားမှုများပြားနေသည့်ဒေသများမှ ဝင်ရောက်လာသည့် ပြည်သူများအား နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုလုပ်ငန်းကို နေ့စဉ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်နေလျက်ရှိကြောင်းသိရသည်။
ရွှေကူမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သစ်တောဦးစီးဌာနနှင့် ဒေသနေပြည်သူတို့ ပူးပေါင်း၍ သစ်တော သစ်ပင်များကို ပြုစုပျိုးထောင်ခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ် ဘဝများရရှိစေရန်၊ သစ်တောသယံဇာတများ ပြုစုပျိုးထောင်ပေးရန်၊ တစ်ပင် စိုက်လျှင် တစ်ပင်ရှင်ရမည်၊ “သင့်အတွက်သစ်ပင်” ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်းပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗန်းမော်−ရွှေကူ−ငအိုးလမ်း (အောက်လေးလမ်းဆုံ) ရွှေကူကြိုးဝိုင်း အကွက်အမှတ်(၃၁)အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်အဝင် လယ်ဝေးမြို့နယ် တောင်စဉ်အေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်အသစ်ဆောက်လုပ်ရန်အတွက်ကွင်းဆင်းစစ်ဆေး
Jun 18,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် တောင်စဉ်အေးကျေးရွာအနီး နေပြည်တော်အဝင်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်အသစ် ဆောက်လုပ်ရန် အတွက် ယမန်နေ့ညနေ(၅)နာရီက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၌ MASK နှင့် Covid -၁၉ အသိပညာပေးလက်ကမ်းများဖြန့်ဝေခြင်း
Jun 18,2021
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း Covid-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက်
ဂွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Jun 18,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီ တွင်မြို့ပေါ် သုံးရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။