သတင်းများ

ပုသိမ်မြို့နယ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ကျေးလက်ကုန်ထုတ်လမ်းများလွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ပို့ချ
Jun 18,2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၁၀၀% ပြီးစီးခဲ့ပြီးဖြစ်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများ လွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ပို့ချခြင်း ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပုသိမ်မြို့နယ် ရှိမြို့နယ်စုပေါင်းရုံးခန်းမတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပုသိမ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ၊ သက်ဆိုင်ရာကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဆောင်ရွက် ထားရှိမှုဧရာဝတီတိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းတွင် COVID-19 Quarantine Center ပြင်ဆင်
Jun 18,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ နံနက်(၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်း ကျောင်းရှိ COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သံသယလူနာများအတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် အဆောက်အဦပတ်ဝန်း ကျင်သန့်ရှင်းရေးတို့အား အလေးထား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်
Jun 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့နေပြည်သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး(ဖုံး၊သွန်၊ခပ်၊စစ်)လုပ်ငန်းများနှင့် အဘိတ် ဆေးခပ်ခြင်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အထကကျောင်းနှင့် မြို့ပေါ်ရပ်ကွက်များ ရှိစျေးဆိုင်များ၊လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့ပါသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်
Jun 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းဖွင့်လှစ်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်  ထန်းတပင်မြို့နယ် မိုးကောင်းကျေးရွာ  စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြု စခန်းတွင် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၀ -၂၀၂၁ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  စိုက်ပျိုးရေးဆိုင်ရာ  အလေ့
မိုးစပါးမျိုစေ့ထုတ်စံပြကွက် တောင်သူများအား မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အင်းရွာတောင်သူ လယ်သမား သင်တန်း ကျောင်းခန်းမတွင် ယနေ့ နံနက် ၁၀ နာရီကမိုးစပါး မျိုးစေ့ထုတ် စံပြကွက် တောင်သူများအား မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်​ဆောင် နှစ်ပတ်လည်အစည်းအ​ဝေး ကျင်းပပြုလုပ်
Jun 18,2021
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်​ဆောင်နှစ်ပတ်လည် အစည်းအ​ဝေးကို ယနေ့ နံနက်ပိုင်းက မြို့ဦးပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကျေးရွာနေပြည်သူများထံ ပေးအပ်
Jun 18,2021
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက အတွင်းရေကျော်ကျေးရွာနှင့် စံကင်းကြီးကျေးရွာတို့တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေ ပြည်သူများထံသို့ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။