သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်‌ရေး သစ်စိမ်းမြေဩဇာထည့်သွင်းမြေမြှုပ်ခြင်းကွင်း သရုပ်ပြသခြင်းနှင့် တောင်သူအသိပညာပေးဆွေးနွေး
Jun 18,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုမိုးရာသီတွင် ထွန်ယက် စိုက်ပျိုးမည့် မိုးစပါးများ အထွက်နှုန်းတိုးတက်ကောင်းမွန်လာစေရေး မြေဆီမြေလွှာများ မြေချဉ်ဓာတ် လျော့နည်းကာ မြေဆီလွှာများဖွံ့ဖြိုး‌‌ကောင်းမွန်လာ‌စေ‌‌ရေးအတွက်ရည်ရွယ်ပြီး သစ်စိမ်း မြေဩဇာ ထည့်သွင်း မြေမြှူပ်ခြင်းကွင်းသရုပ်ပြသခြင်း နှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန မြို့မကွင်း၌ပြုလုပ်ကျင်းပသည်။
မအူပင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းမှု ဆိုင်ရာများဆွေးနွေး
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းမှု ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မီးနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအစည်းဝေးခန်းမတွင်ကျင်းပသည်။
စက်သုံးဆီစျေးနှုန်းစောင့်ကြည့်ထိန်းသိမ်းရေးကော်မတီမှ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီ ဆိုင်များစစ်ဆေး
Jun 18,2021
မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် စျေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ သုံးစွဲသူများ စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ပြည်ပမှ တရားမဝင်တင်သွင်းမှုမရှိစေရေးနှင့် စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ အခက်အခဲလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ယနေ့နံနက် ၉ နာရီက သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ဘားအံခရိုင်၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jun 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “စာကောင်းပေကောင်းရဲ့ အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မြဝတီမြို့ရှိ တောင်သူများ ယခုနှစ်တွင် ပီလောပီနံ စတင်စိုက်ပျိုးလာပြီး စိုက်ပျိုးဧက ၂၇၁ ဧကရှိ
Jun 18,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးအစေ့ထုတ်ပြောင်းကို စီးပွားဖြစ် အဓိက စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအခြေအနေပေါ်မူတည်၍ တွက်ခြေကိုက် ဈေးကွက်ရသော ပီလောပီနံများကို စတင် စိုက်ပျိုးလာကြပြီး ၂၇၁ ဧက အထိ စိုက်ပျိုးထားပြီး ဖြစ်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 18,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ် အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်ငူ၌ ခရိုင်အဆင့် ကလေးသူငယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 18,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ၊ ဘုရင့်နောင်ခန်းမ၌ ယနေ့ နံနက်ပိုင်း အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Jun 18,2021
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၂၁ ကြိမ်မြောက်အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။