ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်အတွက် ကင်မွန်းခြုံကျေးရွာရှိ ရေထိန်းတံခါးတွင် ပိတ်ဆို့နေသည့် အမှိုက် များအား ရှင်းလင်းဖယ်ရှား

အုတ်ဖို ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ကင်မွန်းခြုံ ကျေးရွာရှိ ရေထိန်းတံခါးတွင် ပိတ်ဆို့နေ့သည့် အမှိုက်များအား ယမန်နေ့က ဖယ်ရှားရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေထိန်းတံခါးတွင် အမှိုက်များ ပိတ်ဆို့နေပါက မြောင်ချောင်းမှ ဆင်းသက်လာသည့် ရေများမှာ ဆက်လက်စီးဆင်း နိုင်ခြင်းမရှိသဖြင့် ချောင်းရိုးတစ်လျှောက် ဆက်စပ်ရွာများတွင် ရေကြီးရေလျှံမှုများဖြစ် ပေါ်ကာ မိုးစပါးခင်းများမှာလည်း ရေကြီး နစ်မြုပ်နိုင်သဖြင့် မြို့နယ်အတွင်း လုံခြုံရေးတာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် ဗိုလ်ကြီး အောင်ဖြိုးဝေ ခေါင်းဆောင်သော တပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းသောအဖွဲ့မှ ဖယ်ရှားရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)