မြိုင်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

မြိုင် ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ယနေ့ နံနက်(၇)နာရီအချိန်က မိုးရာသီသစ်ပင်စိုက် ပွဲတော်ကို အမှတ်(၃) တပ်မတော်အကြီးစားစက်ရုံ(ခွဲ) မြိုင်စက်ရုံဝန်းတွင် ကျင်းပရာ ပခုက္ကူခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စက်ရုံဝန်ထမ်း မိသားစုများအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြသည်။

သစ်ပင်စိုက်ပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန်းထိုက်က မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စက်ရုံဝန်ထမ်းမိသားစုများနှင့် လူမှုရေးအသင်းအဖွဲ့များထံ ပျိုးပင်များ ပေးအပ်ခဲ့ပြီး ကျွန်း(၁၅၀)ပင်၊ ပိတောက်(၄၀) ပင်၊ ယူကလစ်(၃၂၅) ပင်၊ မယ်ဇယ်(၅၀) ပင်၊ တမာ(၁၅၀) ပင်၊ မြန်မာကုက္ကို(၅၀) ပင်၊ အာမကန်ကျူးလစ်(၁၀၀) ပင်၊ ယင်းမာ(၁၅၀) ပင်နှင့် သင်္ဘောကုက္ကို(၂၅) ပင် စုစုပေါင်းပျိုးပင် (၁၀၄၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖြိုးမွန်ကျော်