မင်းလှမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး

မင်းလှ ဇူလိုင် ၃

 

 ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေး ရွာအနီး၊ စိန်ကန့်လန့်- မြို့ချောင်း လမ်းမိုင်တိုင်အမှတ် ၁၀ ၊ မုက္ခာကြိုး ဝိုင်း အကွက်အမှတ်(၂၉) ၌ သစ်တောဦးစီးဌာနက  သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းသာယာစို ပြေစေရေးအတွက် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က  ကျင်းပ ပြုလုပ်ခဲ့သည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊မြို့နယ်သစ်တောဦးစီးမှူး ဦးဆန်းတင့်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့များ တတ်ရောက်စိုက်ပျိုးပေးခဲ့သည်။

 

အဆိုပါအဖွဲ့များက ကျွန်း(၆၁၅)၊ ပျဉ်းကတိုး(၁၀၀)၊ မဟော်ဂနီ(၅)၊ စိန်ပန်းကြီး(၅)၊ ငုရွှေဝါ(၅)၊ ခရေ(၅)၊ ကံကော်(၅)၊ရေမနေ(၅)၊ ပင်လယ်ကဗီး(၅) စုစုပေါင်း ပျိုးပင်(၇၅၀)ပင်အား တစ်ပြိင်နက်တည်း စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

ပေါက်စ (မင်းလှ)