ကော့သောင်းမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကော့သောင်း ဇူလိုင် ၃

သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မိုးရာသီ  သစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက် (၈) နာရီက ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊ ခုနှစ်မိုင်ဂေါက်ကွင်း  တွင်ကျင်းပပြုလုပ်ရာ  ကော့သောင်းရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ သစ်တောဦးစီးဌာန ဝန်ထမ်းများ ၊ NGO အဖွဲ့များ ၊ ရပ်ကျေးပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။

အစီအစဉ်အရ ကော့သောင်းရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ ခရိုင်သစ်တောဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းနှင့် ဌာဆိုင်ရာများ၊ NGO  အဖွဲ့ဝင်များ၊ ရပ်ကွက် ပြည်သူများ သတ်မှတ်ထားသည့် နေရာ  တွင် တပြိုင်နက် စုပေါင်း ညီညာ စိုက်ပျိုး ကြသည်။ ယင်းနောက်  စုပေါင်းသစ်ပင်စိုက်ပျိုးမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးကြသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲ အား ကော့သောင်းခရိုင် သစ်တောဦးစီးဌာန မှ  ကြီးမှူးကျင်းပ     ခြင်းဖြစ်ပြီး     ပျဉ်းကတိုး၊ မန်ဂျီးယမ်နှင့်ယမနေပင် စုစုပေါင်း (၃၂၀)ပင်တို့အား ၊ ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ ၊ ခုနှစ်မိုင်၊ ဂေါက်ကွင်း ဝန်းကျင် စိမ်းလမ်းစိုပြေရေးစုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရှိရသည်။

ကျော်စိုး (ကော့သောင်း)