မွန်ပြည်နယ် စီမံအုပ်ချုပ်​ရေး​ ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း ​မုဒုံမြို့ရှိ ဘဲ​မွေးမြူ​ရေးခြံနှင့် အဇင်း​ရေ​လှောင်တမံသို့ ကြည့်ရှုစစ်ဆေး

မုဒုံ  ဇူလိုင်  ၃

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများသည် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက  မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်ရှိ ဥစားဘဲ​မွေးမြူ​ရေးခြံသို့ ​သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

 အဆိုပါ ဘဲ​မွေးမြူ​ရေးနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာနီနီမော်မှ  ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့သည်။   မွန်ပြည်နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူရေးခြံ စုစုပေါင်း (၁၀၄) ခြံ၊ ဘဲအကောင်ရေ (၁၅၀၀၀) ကျော် မွေးမြူထား ရှိကာ    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အလိုက် ပညာပေး သင်တန်းများ၊ ပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိသည်။            

 

 ထို့​နောက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မုဒုံမြို့နယ် အဇင်း​ရေ​လှောင်တမံသို့​ရောက်ရှိကာ   ဆည်​ရေ​ပေး​ဝေမှုနှင့် ​သောက်သုံး​ရေ​ပေး​ဝေမှု အ​ခြေအ နေအား  ကြည့်ရှု စစ်​ဆေးခဲ့သည်။  စိုက်ပျိုး​ရေး၊ မွေးမြူ​ရေးနှင့် ဆည်မြောင်း​​ဝန်ကြီးဌာန ဆည်​မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန၏ အဇင်း​ရေ​လှောင်တမံ သည် မုဒုံမြို့နယ် အ​ရှေ့ဘက် (၁) မိုင်ခွဲခန့်အကွာတွင်တည်ရှိပြီး ​မြေသားတမံအမျိုးအ စားဖြစ်ကာ အလျား (၁၆၅၀) ​ပေ၊ တမံအမြင့် (၉၂) ​ပေ၊ အနက် (၂၄.၇) ​ပေ၊ ​ရေလှောင်​ပမာဏ (၁၆၃၈၉) ဧကပေ​ရှိပြီး    ဆည်​ရေ​သောက်ဥယျာဉ်ခြံ (၁၀၃၈) ဧကရှိ​ကြောင်း၊ စပါး (၁၀၀၀) ဧက ဆည်​ရေ​ပေး​ဝေနိုင်​ကြောင်း၊ အဇင်း​ရေ​​လှောင်တမံမှ မုဒုံမြို့နေ​ပြည်သူလူထုအတွက် ​သောက်သုံး​ရေ​ပေး​ဝေလျက်ရှိ​ကြောင်းနှင့် အဇင်း​ရေလှောင်​တမံအ​နေဖြင့် ​ဒေသဖွံ့ဖြိုး​ရေးအတွက် အ​​ထောက်အကူပြုလျက်ရှိ​​ကြောင်း သိရှိရသည်။

အောင်မျိုးသူ