ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မိသားစုမှ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပွဲတော် ပြုလုပ်

ဗန်းမော် ဇူလိုင် ၃

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမိသားစုဝန်ထမ်း အိမ်ရာ၌ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

 

စုပေါင်း သစ်ပင်စိုက်ပျိုးရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ၊ မိုးမောက်နှင့်မန်စီမြို့နယ်ရုံးတို့မှ ဝန်ထမ်းများတို့က ပတ်ဝန်းကျင်စိမ်းလန်း စိုပြေ သာယာလှပရေးအတွက် ကျွန်းပင်၊ အရိပ်နေကာပင်၊ ပိတောက်ပျိုးပင်များကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)