မော်လမြိုင် ဇူလိုင် ၃
ဇူလိုင်(၃)ရက်နေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၁ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်၈နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုရောင်းကျေးရွာ မြဆည်းဆာ ဘိုးဘွားရိပ်သာဝင်း၌ စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ် ဆောင်ရွက်မှုဖြင့်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်ယု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးရဲအောင်စော၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဝင်များနှင့်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက မန်ဂျန်ရှား(၄၀၀)ပင်၊ မဟော်ဂနီ (၃၀၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ယင်းသို မိုးရာသီကာလသစ်ပင်များ ပြန်လည်စိုက်ပျိုးပေးခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ရာသီဥတုဖောက်ပြန်ခြင်း လျော့နည်းစေပြီး ရာသီဥတုများကောင်းမွန်လာစေရန်ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။