ဟိုပုံး ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လွယ်အွန့်ကျေးရွာ အုပ်စု၊ စခွီကျေးရွာ တွင်ပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်းက မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဦးမြင့်ဝေကို လည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဒေသခံ တစ်ဦးကိုလည်းကောင်း စိုက်ပျိုးမည့် ပျိုးပင်များအား အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက ထောပတ်(၁၀၀)ပင်၊ ရေသင်းဝင်(၁၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ ခါတော်မီ(၁၀၀)ပင်၊ မယ်ဇလီ (၁၀၀)ပင်၊ စိန်ပန်းနီ(၅၀)ပင်၊ စိန်ပန်းပြာ (၅၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဟိုပုံး