ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒဂုံတောင် ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို  မြို့နယ်ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက စုပေါင်း၍ စိန်ပန်းပင်၊ ပိတောက်ပင်နှင့် ငုဝါပင် စုစုပေါင်း(၂၅၀)ပင်ခန့် စိုက်ပျိုး ခဲ့ကြောင်းလည်း သိရှိရသည်။

ထို့နောက် စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်လာစေရေး မြို့နယ်စည်ပင်သာယာကော်မတီအနေဖြင့် ဦးဆောင်၍ ဂရုတစိုက်ပြုစုရမည့် နည်းလမ်းများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။