ထားဝယ် ဇူလိုင် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွင် သံဃာတော်များ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဇေယျဝတီစာသင်တိုက်နှင့် ဇောတိကာရုံ စာသင်တိုက်များသို့ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်များထံမှ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး အနုမောဒနာ တရားနား ကြားခဲ့ကြသည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ဇေယျဝတီစာသင်တိုက်သို့ဝတ္ထုငွေ (၂၆၂၅၀၀)ကျပ်၊ ဆန် ၁၂ ပြည်ဝင် ၇၀ အိတ်၊ ဆီ ၅ လီတာ ၂၀ ဘူး၊ အားလူး ၁၀ ပိဿာ ၅ အိတ်၊ ကြက်သွန်နီ ၁၀ ပိဿာ ၅ အိတ်၊ ကြက်သွန်ဖြူ ၁၀ ပိဿာ ၂ အိတ်၊ ငါးခြောက် ၁၅ ပိဿာနှင့် ဇောတိကာရုံစာသင်တိုက်သို့ ဝတ္ထုငွေ (၂၁၁၀၀၀)ကျပ်၊ ဆန် ၁၂ ပြည်ဝင် ၂၀ အိတ်၊ ဆီ ၅ လီတာ ၁၀ ဘူး၊ အားလူး ၁၀ ပိဿာ ၂ အိတ်၊ ကြက်သွန်နီ ၁၀ ပိဿာ ၂ အိတ်၊ ကြက်သွန်ဖြူ ၁၀ ပိဿာ ၁ အိတ်၊ ငါးခြောက် ၁၀ ပိဿာ စသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်