မုဒုံ ဇူလိုင် ၃
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့၌ ၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ရွှေဟင်္သာဂေါက်ကွင်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲ အခမ်းအနားသို့ မုဒုံမြို့နယ် တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အ မျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး သတ်မှတ်နေရာ များတွင် ကျွန်း၊ ပိတောက်၊ သင်္ကန်း၊ စိန်တံခြူ၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ အော်ရေရှား၊ မဟော်ဂနီ၊ စိန်ပင်ကြီး ပျိုးပင်စုစုပေါင်း(၂၆၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။ ယခုလို မိုး ရာသီတွင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြို့နယ်စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ် ဝန်းကျင်ရှိ ရာသီဥတု တိုးတက်ကောင်းမွန်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အ ကူပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။
အောင်မျိုးသူ