မင်းဘူးခရိုင် စလင်းမြို့၌မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း
Aug 17,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပပြု လုပ်သွား မည်ဖြစ်ပါသဖြင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ် ငန်းစဉ် များနှင့် စပ်လျဉ်း၍ အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်မီ ဖြေရှင်း ဆောင်ရွက်နိုင်ရန် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက်၁၀နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ စည်သူခမ်းမ၌ ဖွဲ့စည်းခဲ့သည်။