မိုင်းယောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးရာသီကာလ၌ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ပြည်သူများက အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ်(၄)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ ပူးပေါင်းပါဝင်၍ ရက်ကွက်အတွင်းရှိ ရေစည်၊ ရေကန်များအား ဖုံးအုပ်ခြင်း၊ တာယာခွေနှင့် ခွက်များ၌ တင်ကျန်ရှိနေသည့် ရေဆိုးများအား သွန်ပစ်ခြင်း၊ ပန်းအိုး၊ ရေအိုးများ လဲလှယ်ခြင်း၊ ပိုးလောက်လန်းများ စစ်ထုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အားချာ