ပေါင်းတည် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကျောက်ဖူးကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာများနှင့် ထိတွေ့ခဲ့သူများ အားစနစ်တကျ ထားရှိနိုင်ရန် Quarantine Centre ပြင်ဆင် ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျထားရှိရေးအတွက် ပေါင်းတည် မြို့နယ်၊ ၁၈ လမ်း၊ နွယ်ချို (၁)ရပ်ကွက်ရှိ ဖြူစင်အလင်းရောင် ပညာဒါန (အခမဲ့) စာသင်ကျောင်းအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အိပ်ယာကုတင်များ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်