ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်းနှင့် မေတ္တာရှင် နာရေးကူညီမှုအသင်းသို့ PPE ဝတ်စုံများလှူဒါန်း

ဇီးကုန်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိသူနှင့် ထိတွေ့ ဆက်စပ်သူများအား သယ်ယူပို့ဆောင်ရာတွင် အသုံး ပြုနိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းနှင့် မေတ္တာရှင်နာရေးကူညီမှုအသင်းသို့ PPE ဝတ်စုံများကို ယနေ့ နံနက်က လာရောက်လှူဒါန်းကြောင်း သိရသည်။

သီရိပျံချီ ဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုး မိသားစုမှ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်သူများအား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ(၅၀)အား လှူဒါန်းရာ မိုဃ်းကောင်းကျောင်းဆရာတော် ဘဒ္ဒန္တဉာဏသိဒ္ဓိမှ လက်ခံယူ၍ မြို့နယ်ကြက်ခြေနီအသင်းနှင့် မေတ္တာရှင် နာရေးကူညီမှုအသင်းများသို့ ပြန်လည်ဝေငှပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်သူများအား မေတ္တာရှင်နာရေးကူညီမှုအသင်းနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့မှ ပြည်သူ့ဆေးရုံနှင့် Quarantine Centre များသို့ တာဝန်ယူပို့ဆောင်ပေးခြင်းနှင့် RDT Test ဖြင့် စစ်ဆေးခြင်းတို့တွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် ဇူလိုင်လ(၁၁)ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ(၈၇)ဦးရှိခဲ့ပြီး အဆိုပါလူနာများမှ နှစ်ဦး မှာ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်းနှင့် ယနေ့တွင် တစ်ဦးသေဆုံးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ