ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉လူနာသစ်(၄)ဦး ထပ်မံတွေ့ရှိ

ရွာငံ ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိသူများ၏ မိသားစုဝင်များ၊ ထိတွေ့ဆက်စပ်သူများ၊ သံသယရှိသူများကို ယမန်နေ့ နံနက်ပိုင်း မှစတင်၍ ရွာငံပြည်သူ့ဆေးရုံ RDT Test Kitဖြင့် စစ်ဆေးရာ ကိုဗစ်−၁၉ရောဂါ ပိုး(၄)ဦး တွေ့ရှိ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိသူ(၄)ဦးတို့အား Home Quarantineထားရှိပြီး စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း၊ ရွာငံမြို့နယ်အတွင်း ဇွန်လ(၂၂)ရက်နေ့မှ ယနေ့အထိ ကိုဗစ်−၁၉ရောဂါ အတည်ပြုလူနာ (၆၁) ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ (၃၁)ဦး၊ ဆေးကုသမှု ခံယူလျက်ရှိသူ (၃၀)ဦးရှိ ကြောင်း သိရသည်။

ပြည့်ဖြိုးသန့် (ရွာငံ)