သတင်းများ

မြိတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း
Aug 18,2020
မြိတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိနိုင်ရန် မဲဆန္ဒရှင်စိစစ်ရေးလုပ်ငန်းကော်မတီကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဥပဒေအထောက်အကူပြုရုံး (ပြည်သူ့ဝန်ဆောင်မှု ရုံးအပေါ်ထပ်)ခန်းမ၌ ဖွဲ့စည်းခဲ့သည်။
ဟိုပုံးမြို့နယ် နောင်ခုံးကျေးရွာသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင်းရှိ ကျေးရွာများမှ ပြည်သူ များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ၊ စာဖတ်ခြင်း အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ဟိုပုံးမြို့နယ်၊ လွယ်အွန့် ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ဆောင်ရွက်
Aug 17,2020
ဥတ္တရခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာရေးဆရာ ယဉ်ကျေးဆု ၏ “ ဖိုးသီလ၏ သုတမှတ်စု” စာအုပ်အား စာရေးသူကိုယ်တိုင်ပါဝင်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး
Aug 17,2020
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ မဲရုံများတွင် ထုတ်ပြန်ကြေညာထားရှိရာ ယနေ့ နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး ၊
ပန်ဝါမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားနေမှုရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက် စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့နံနက် (၁၀)နာရီက အထက(ပန်ဝါ) ကျောင်းတွင် ရှောင်တခင် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက် အရွယ်ရှိ ကလေးသူငယ်များကို မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေး
Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အသက်(၆)လမှ(၅)နှစ်အောက် အရွယ်ရှိ ကလေး သူငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများက