ငါန်းဇွန်မြို့နယ်၌ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မိုးစပါးစိုက်ပျိုး
Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာ ကွင်းအမှတ် (၉၁၉)၊ ဦးပိုင်အမှတ်-၁၆၊ တောင်သူ ဦးကိုင်းလွင်၏စိုက်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီက (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မနောသုခ စပါးမျိုး မိုးစပါး (၃) ဧက စိုက်ပျိုးကြရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်း၍ ရင်းရင်းနှီးနှီးအားပေးခဲ့ကြောင်း သိရသည်။