ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၄)ဦးထိ ရှိလာ

ပေါင်းတည် ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဇူလိုင်လ(၁၁)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၄)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်၊၊

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများတွင် ပိုးတွေ့လူနာ(၆၄)ဦး၊ ကုသမှုခံယူနေသူ (၄၇)ဦး၊ ဆေးရုံဆင်းသူ(၁၇)ဦးနှင့် သေဆုံးသူမရှိကြောင်း သိရသည်၊၊

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိသူများ ရှိသဖြင့် ရောဂါကာကွယ် ထိန်းချုပ်ခြင်း ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်စေနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်နှင်းသုန်