သတင်းများ

ဆီဆိုင်မြို့နယ် ဝါးခရာကျေးရွာ၌ လူထုကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်သော Cash For Work စီမံကိန်းလုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီး
Aug 17,2020
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ဝါးခရာကျေးရွာတွင် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း ထံမှ သိရသည်။
လသာမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံရေး ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းနှိုးဆော်
Aug 17,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကို ထည့်သွင်းနိုင်ရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 17,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားတွင် အမှတ် (၈၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အောင်မြေသာစံမြို့နယ်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်၊ စောင်ရေ (၃၀၀) ကို ခရီးသွားပြည်သူများအား ဖြန့်ဝေပေးကြသည်။
ပွင့်ဖြူမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၀)ခုအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံရောင်းချပေးသွားမည်
Aug 17,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုး စနစ်ဖြင့် လေလံဆွဲဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၀)ခုအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဩဂုတ် ၂၁ ရက် ၊ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ထပ်မံ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးကာလ အခြေခံပညာ အထက်တန်းအဆင့် ဖွင့်လှစ်သင်ကြားနေမှုအား ဒုတိယအကြိမ် ရှောင်တခင်စစ်ဆေး
Aug 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့် ဖွင့်လှစ်သင်ကြားနေမှုအား စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန် က ဒုတိယအကြိမ် ရှောင်တခင်သွား ရောက်စစ်ဆေးခဲ့သည်။
အလုံမြို့နယ်တွင် သားအိမ်​ခေါင်းကင်ဆာ​ရောဂါ ကာကွယ်​ဆေးထိုးနှံနိုင်​ရေး ကြိုတင်စာရင်း​ပေးရန် နှိုး​ဆော်
Aug 17,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ၁.၈.၂၀၁၀ မှ ၁.၉.၂၀၁၁ မွေးဖွားသူ (တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်ပြည့်ပြီးသူ) အမျိုးသမီးများအား သားအိမ်​ခေါင်းကင်ဆာ​ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးမည်ဖြစ်​ကြောင်းကို မြို့နယ် အတွင်းရှိ ပြည်သူများသိရှိနိုင်​ရေး အသိ​ပေးနှိုး​ဆော်လျက်ရှိ​ကြောင်း သိရသည်။
အသက် (၁၈) နှစ်ပြည့် နိုင်ငံသာစိစစ်ရေးကတ်ပြားမရှိသူများအတွက် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က တခင်းလုံကျေးရွာနှင့် ဥဒေါင်​ကျေးရွာ ဘုန်တောင်ကြီးကျောင်း၌ ပြုလုပ်ပေးခဲ့သည်။
မရမ်းကုန်းမြို့နယ်တွင်(၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Aug 17,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ခေမာရာမ(ကျိုင်းတုံ) ကျောင်းတိုက်တွင် ယမန့်နေ့ နံနက်ပိုင်း က ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ခေမာရာမ(ကျိုင်းတုံ) ကျောင်းတိုက်ဆရာတော် ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။