သတင်းများ

ဆီဆိုင်မြို့၌ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မပြတ် ဆောင်ရွက်
Jul 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
သာစည်မြို့နယ်တွင် ဇူလိုင် ၁၁ ရက်က အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ လူနာသစ် ၄ ဦးထပ်မံတွေ့ရှိ
Jul 12,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့က အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ လူနာသစ် ၄ ဦးထပ်မံတွေ့ရှိ၍ ပိုးတွေ့လူနာ ၁၃၇ ဦးရှိလာကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။
မလှိုင်မြို့နယ်၌ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးသစ်ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးသစ် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့က ရေထွက်ကျေးရွာ၊ ရွာလည် ရုံးမြေနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား One Stop Service စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်စတင်ဆောင်ရွက်ပေး
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service စီမံချက်ဖြင့် တရားဝင် မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သောပစ္စည်းများလှူဒါန်း
Jul 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော ပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းကြကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်၌ စားသောက်ဆိုင်များအား ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချခွင့်ပြု
Jul 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အတွက် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချရမည်ဟု ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်အသိပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၉)ဦး ထပ်မံတွေ့ရှိ
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ရွာဘို(မ)ကျေးရွာနေ အမျိုးသားတစ်ဦး (၅၅နှစ်)သည် ကျန်းမာရေးမကောင်းသဖြင့် ယမန်နေ့နံနက် ၈ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ် အမောဖောက်လာ၍ (RDT)ဖြင့် ဆေးစစ်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရသည်။
ပင်းတယမြို့၌ Quarantine Center ထားရှိရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
Jul 12,2021
အသက်ရူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်များ တွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ၊ မြို့နယ်ဓမ္မာရုံ၌ လူဦးရေ ၁၀၀ ဆံ့ Quarantine Center ထားရှိရန် ကြိုတင်ပြင်ဆင်မှုများအား ယနေ့နံနက် (၉ )နာရီက ဆောင်ရွက်ခဲ့ကြသည်။