ကြို့ပင်ကောက် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူမှုရေးအသင်း အဖွဲ့များနှင့် မြို့လယ်ဓမ္မါရုံကျောင်း ဆရာတော်တို့ အောက်စီဂျင်အိုးများ အဆင်သင့် ရရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မြို့လယ်ဓမ္မါရုံဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့လယ်ဓမ္မါရုံကျောင်းဆရာတော်က ကိုဗစ်-၁၉ရောဂါလက္ခဏာ ခံစားနေရသော အရေးပေါ်လူနာများအတွက် အဓိကလိုအပ်ချက် ဖြစ်သော အောက်စီဂျင်ရရှိရေး ဆောင်ရွက်ထားပါကြောင်း အရေးပေါ်အောက်စီဂျင်လိုအပ်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း၏ ထောက်ခံချက်ပါရှိရေးကို စည်းကမ်းသတ်မှတ်ချက်ထားရှိပါကြောင်း မလိုအပ်သေးဘဲ အောက်စီဂျင်အိုးများ ဆောင်ထားခြင်းများကို မပြုလုပ်စေလိုကြောင်း ကိုဗစ်-၁၉ ရောဂါအရေးပေါ်လူနာများအတွက် အောက်စီဂျင် ရရှိရေး လှူဒါန်းလိုပါက မြို့လယ်ဓမ္မာရုံကျောင်းဆရာတော်ဖုန်း ၀၉၄၃၀၄၉၀၄၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း မိန့်ကြားသည်။
အဆိုပါ အစည်းအဝေးကို မြို့လယ်ဓမ္မါရုံကျောင်းဆရာတော်နှင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသော လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း