ကျိုင်းတုံမြို့မဈေးကြီအပါအဝင် စျေးများအား ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ယာယီပိတ်သွားမည်

ကျိုင်းတုံ   ဇူလိုင်   ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထပ်မံ တွေ့ရှိနေခြင်းကြောင့် ကျိုင်းတုံမြို့မဈေးကြီအပါအဝင် စျေးများအား ဇူလိုင် ၁၃ ရက်မှ ၂၂ ရက်အထိ ယာယီပိတ် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။

ထိုသို့ မြို့မဈေးကြီး ယာယီပိတ်ရခြင်းမှာ ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျိုင်းတုံခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းကော်မတီ၊ စည်ပင်သာယာရေးဌာန၊ ဈေးအကျိုး တော်ဆောင်အဖွဲ့များ၏ စီစဉ်မှုအရ ကျိုင်းတုံမြို့မဈေးကြီး၊ နောင်ကွမ်ဈေး၊ ယန်းခမ်းဈေးတို့ အား ဇူလိုင် ၁၃ ရက်မှ ၂၂ ရက်နေ့အထိ ယာယီပိတ်သွားမည်ဖြစ်သည်။

အဆိုပါ ကျိုင်းတုံမြို့မဈေးကြီး ပိတ်ထားစဉ် ဈေးအနောက်ဘက်ရှိ ကုန်စိမ်းသည်များ၊ ပျံကျ သည်များ၊ ဈေးအတွင်း သား/ငါး ဆိုင်များ၊ ဆေးဝါးနှင့် စားသောက်ကုန် ရောင်းချသည့်ဆိုင်များ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)