ဂွမြို့နယ်၌ Covid-19 ကုသရေး Center ကို ဂွမြို့နယ် ဘောလုံးကွင်းအတွင်းရှိ အားကစားခန်းမ တွင်တိုးချဲ့ဖွင့်လှစ်ပြီး ကုသမှုပေးရန် စီစဉ်လျက်ရှိ

ဂွ ဇူလိုင်   ၁၂

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်မြို့နယ် ကျန်းမာရေးဦးစီးဌာန အနေဖြင့် Covid-19 ရောဂါ ပိုးတွေ့ လူနာများပြားလာသောကြောင့် Covid-19 ကုသရေး Center ကို ဂွမြို့နယ် ဘောလုံးကွင်း အတွင်းရှိ အားကစားခန်းမတွင် ယနေ့မှစ၍ တိုးချဲ့ဖွင့်လှစ်ပြီး ကုသမှုပေးရန် စီစဉ်ထားကြောင်း သိရသည်။

 

Covid-19 ကုသရေးစင်တာ(ဂွမြို့)တွင်ကျန်းမာရေး ဝန်ထမ်းများကို ဆေးရုံကဲ့သို့ (၂၄) နာရီတာဝန် ချထား၍ ကုသမှုပေးသွားမည် ဖြစ်ပြီးလူနာ (၅၀) ခန့် ထားရှိကုသပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ Covid-19 ကုသရေးစင်တာ(ဂွမြို့ )တွင် ရောဂါမပြင်းထန်ပဲ သာမာန်လက္ခဏာ ခံစားရသူများကို ထားရှိကုသပေးသွားမည် ဖြစ်ပြီး ပြည်သူ့ဆေး (ဂွမြို့) တွင် ရောဂါပြင်းထန်သူများ၊ အသက်ကြီးသူများ နှင့်ရောဂါအခံရှိသူများကို ဦးစားပေး ကုသပေးသွားမည်ဖြစ်ကြောင်းမြို့နယ် ကျန်းမာရေးဉီးစီး ဌာနမှ သိရသည်။

ဂွ