မြင်းခြံ ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ မြင်းခြံမြို့နယ် ဆီမီးခုံမြို့သို့ ယမန်နေ့က အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရတနာမြင့်နှင့် ဝန်ထမ်းများက ဆီမီးခုံမြို့အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင် ကာကွယ်ရေးတို့ အတွက် မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ရောဂါကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်စွာ