ခမောက်ကြီး ဇူလိုင် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ ကျဆင်းပြီး ညနေ ၄ နာရီ ၃၉ မိနစ်အချိန်ခန့်၌ ဆေးရုံ၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေအိမ်ခြေများ ရေကြီးနှစ်မြှုပ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က နံနက် (၄)နာရီအချိန်ခန့်တွင် ရေများပြန်လည်ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် ယနေ့ နံနက်ပိုင်းတွင် မီးသတ်တပ်ဖွဲ့မှ မြို့မီးသတ်ဦးစီးမှူး၊ ဦးဖြိုးမင်းထိုက်က ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးနှင့် မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူး ဦးဇင်ကိုမြတ်နှင့် ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ရေကြီးပြီးနောက် ဆေးရုံနှင့် ရုံးအဆောက်အအုံများအတွင်း တင်ကျန်ရစ်သော ရွှံ့နွံများ၊ အမှိုက်သရိုက်များအား ဆေးကြောခြင်း၊ ရေတွင်းများအား စုပ်ထုတ်ပေးခြင်း စသည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
နောက်နေ့များတွင်လည်း ရပ်ကွက်အတွင်းရှိ ရေကြီးနှစ်မြုပ်ခဲ့သည့် အိမ်များသို့လည်း သွားရောက် ကူညီလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရူပါမြင့်