မံစီ ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဟန်ထက်ကျေးရွာနေ ဦးထွန်းထွန်းနှင့် ဒေါ်ဝေဝေမိသားစု သိရောမဏိကျောက်မျက်ရတနာကုမ္ပဏီနှင့် မဟာရွှေဇဗ္ဗူ ကုမ္ပဏီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် (၁၈၇၅၀၄၀၀)ကျပ်တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ယနေ့ နံနက် ၁၀ နာရီက မံစီမြို့ဇိနမာရ်အောင်မြို့ဦး စေတီတော်၌ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးအပ်ရာတွင် မံစီမြို့ ဇိနမာရ်အောင်မြို့ဦး စေတီတော်၌ မြို့နယ် သံဃနာယကဥက္ကဋ္ဌ တောင်တန်းသာသနာပြု ဆရာတော်အား ပင့်ဆောင်၍ ရေစက်သွန်းချ အနုမောဒနာတရားနာယူ ကျင်းပခဲ့ပြီးနောက် မံစီမြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားခဲ့ရာ အလှူရှင်မိသားစုမှ ဦးဉာဏ်လင်းက ပစ္စည်းလှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌက အလှူရှင်မိသားစုမှ လွှဲပြောင်းပေးအပ်ခဲ့သည့် ငွေ(၁၅၀၀၀၀၀၀)ကျပ် တန်ဖိုးရှိ Swab Test (၄၀)ဘူး၊ တန်ဖိုးငွေ(၄၆၅၀၀၀)ကျပ်တန်ဖိုးရှိ Oximeter (၁၅)ခု၊ ငွေ (၂၄၀၀၀၀)ကျပ်တန်ဖိုးရှိ Digital Thermometer (၁၅)ခု၊ ငွေ (၂၈၀၀၀၀)ကျပ်တန်ဖိုးရှိ Mask (၁၀၀)ဘူး၊ ငွေ(၄၂၀၀၀၀)ကျပ်တန်ဖိုးရှိ PPE ဝတ်စုံ(၃၀)စုံ၊ ငွေ(၁၈၀၀၀၀၀)ကျပ်တန်ဖိုးရှိ Formula Antibacterial Sanitizer Spary (၁၀)ဖာ၊ ငွေ(၄၅၄၀၀)ကျပ်တန်ဖိုးရှိ ဓါတ်ခဲ(၆၀)လုံး၊ Transoptation Charges လေယာဉ်ဖြင့် ပစ္စည်းအားလုံး သယ်ယူစရိတ်တန်ဖိုး (၅၀၀၀၀၀)ကျပ် စုစုပေါင်းငွေကျပ် (၁၈၇၅၀၄၀၀)ကျပ် တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းအထောက်အကူပြု ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က လက်ခံရယူပြီး အလှူရှင်မိသားစုထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ကြောင်းနှင့် အလှူခံ ရရှိသော ကျန်းမာရေးသုံး ပစ္စည်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာန အသီးသီးသို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)