သတင်းများ

ငါးသိုင်းချောင်းမြို့ ဒေသခံတောင်သူများအတွက် (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ စနစ်တကျ အောင်မြင်ဖြစ်ထွန်းရေး ကွင်းဆင်း ဆောင်ရွက်
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနက မြို့စိုက်ပျိုးဧရိယာအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက စုစုပေါင်း(၄၅)ဧကတွင် စိုက်ခင်းများ စနစ်တကျ‌‌ အောင်မြင်ဖြစ်ထွန်းရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ထည့်သွင်း၊ပယ်ဖျက်၊ပြင်ဆင် လျှောက်လွှာ စာရင်းများ စတင်စိစစ်
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမ အကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားသည့် စာရင်းများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများက ဩဂုတ်လ ၁၇မှစတင်၍ မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို စတင်စိစစ် ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။
ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ဘုတ်တွင် မြို့နယ်တွင်း ဒေသဆိုင်ရာဖွံ့ဖြိုးရေး မှတ်တမ်းဓါတ်ပုံများနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဆိုင်ရာ အသိ ပညာပေးနံရံကပ်စာစောင်ပြသ
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိုး၏လမ်းညွန်မှုဖြင့် ပြသထားသည့် နံရံကပ်ဘုတ်တွင် မြို့နယ်တွင်းဒေသဆိုင်ရာ ဖွံ့ဖြိုးရေး မှတ်တမ်းဓါတ်ပုံများနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဆိုင်ရာသိမှတ်ဖွယ်ရာများပါဝင်သည့်နံရံကပ်စာစောင်ကို ယနေ့ နံနက်တွင် ဗိုလ်ချုပ် လမ်းမကြီး‌ ဘေးရှိ နံရံကပ်ဘုတ်တွင် ပြသခဲ့သည်။
သဲကုန်းမြို့နယ် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူ
Aug 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏    စီစဉ်ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉အသိပညာ ပေးဆိုင်းဘုတ်များကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍    ယနေ့  နေ့လယ်ပိုင်းက သဲကုန်းမြို့ မြို့၀င်မြို့ထွက် ကာလမ်းဘေးနှင့်   ဆင်မြီးဆွဲမြို့ ကားလမ်း ဘေးတွင်  စိုက်ထူဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပ
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အရာတော်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် မိုးစပါးမျိုးစေ့ထုတ ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( OSS ) ခန်းမတွင် ကျင်းပသည်။
နတ်တလင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ တိုင်းကော်မရှင်နှင့် ခရိုင်ကော်မရှင်အဖွဲ့တို့မှ လာရောက်စစ်ဆေးပြီး လုပ်ငန်းကိစ္စရပ်များ ဆွေးနွေးမှာကြား
Aug 19,2020
ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့နှင့် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်းကိစ္စရပ်များဆွေးနွေး ခြင်းကို သြဂုတ် ၁၉ ရက် နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင် ရုံးခန်းမ၌ပြု လုပ်ဆောင်ရွက်ကြသည်။
ပင်လောင်းမြို့နယ်၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ နှင့် မဲရုံများတိုးချဲ့ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 19,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အဆင်ပြေအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် မဲရုံများတိုးချဲ့ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။