ရှမ်းရွာသစ်မြို့ Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Aug 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသနေပြည်သူများ စာဖတ်သည့်အလေ့အကျင့်ရှိစေရန်၊ အပြန် အလှန်ပါဝင်ဆွေးနွေးတတ်ပြီး တစ်ဦးနှင့်တစ်ဦး အသိပညာချင်းဖလှယ်တတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ဒေသခံလူငယ်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။