သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦး ထပ်မံတွေ့ရှိပြီး ၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် (၃)ဦးဆေးရုံဆင်းခွင့်ရ
Jul 14,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူ များ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တော ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ယမန်နေ့ တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၄) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ​ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်​ဆေး
Jul 14,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယ​မန်နေ့ မွန်းလွဲ ၂ နာရီက​မော်လမြိုင်တက္ကသိုလ်ရှိ CBFQ ထားရှိရာ​နေရာများသို့ လည်း​ကောင်း၊ပိုး​တွေ့အတည်ပြုလူနာများထားရှိကုသ​ပေးမည့်မော်လမြိုင်မြို့နယ် အတွင်း Isolation Ward-1၊ IsolationWard-3သို့သွား​ရောက်ကြည့်ရှုစစ်ဆေးသည်။
မုံရွာမြို့၌ ခရိုင်အဆင့်(COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ရောဂါထိန်းချုပ်ကာကွယ် နိုင်ရေးနှင့် ရောဂါကူးစက်မှုများ ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရိုင်အဆင့် (COVID-19)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သာစည်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလုပ်ငန်းညှိနှိုင်း အစည်းအဝေး
Jul 14,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်နယ်တွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး စည်းဝေးခန်းတွင် ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပ
Jul 14,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ် သည့် အနေဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jul 14,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးများပက်ဖျန်းခြင်းကို ယနေ့နံနက် ၁၁နာရီက သီရိမာလာအရှေ့ ရပ်ကွက်၊ ၈၆လမ်းနှင့် ၈၇လမ်းကြား၊၂၃လမ်းနှင့်၂၄လမ်းကြားရှိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် အမှတ်(၅)မြို့မရဲတပ်ဖွဲ့စခန်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။
မက်မန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ခင်းကျင်းပြသ
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အတွင်း ဇူလိုင်လ (၁၃) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး က္ကဋ္ဌ ဦးထွန်းလင်းအောင် နှင့် အတွင်းရေးမှူး ဒေါက်တာအောင်ကိုဝင်းတို့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပူးပေါင်းပြီး ယမန်နေ့က အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ အတည်ပြုလူနာအသစ် ( ၂၁) ဦးထပ်မံတွေ့ရှိ
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ယနေ့ နေ့လည်ပိုင်းအထိ မြို့နယ်ကျန်းမာရေး ဦးစီး ဌာန၏  RDTTest Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် (၂၁) ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။