ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်
Aug 20,2020
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့်အလေ့အထရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးတို့အတွက် မိုဘိုင်းစာကြည့်တိုက်ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကွင်းဆင်းငှားရမ်းခဲ့ကြောင်း သိရသည်။