အုတ်ဖို ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်က ကျန်းမာရေးကောင်းမွန်သူ (၄၉) ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံမှ သီးသန့်ဆောင်မှ ကျန်းမာရေးကောင်းမွန်သူ (၄၉) ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇) ရက်ကြာနေထိုင်ရန်နှင့် ကျန်းမားရေးအသိပညာပေးစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေးအသင်းကားများဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၄၇၉) ဦးမှ ၈၃ ဦးဆေးရုံဆင်းခွင့်ရရှိကာ သေဆုံးသူ (၁၀ ) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်သူ