သတင်းများ

လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် မြို့ အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (၂)ဦးထပ်မံတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၀)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ ပိုးတွေ့တူနာ စုစုပေါင်း (၃၂)ဦး ရှိပြီဖြစ်ကာ၊ (၂၀)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှ သိရသည်။
သံတောင်ကြီးမြို့နယ်၊သံတောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ်ဆောင်ရွက်
Jul 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများရှိ လာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက သံတောင်မြို့ အဝင်အထွက်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေး ဝေါမြို့နယ်တွင် ခရီးသွားကားများ စစ်ဆေးရေးဂိတ်များ စစ်ဆေး
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ဝေါမြို့နယ် အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဝေါမြို့ဝင်ဂိတ်ဖွင့် လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ငဖဲမြို့နယ်ပျဉ်းဝကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ လာရောက်ကြည့်ရှုစစ်ဆေး
Jul 14,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူးဦးဝင်းရှိန်၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်ဇေယျ ၊ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးမြင့်သိန်း တို့ပါဝင်သော အဖွဲ့နှင့်အတူ ယမန်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့်က ငဖဲမြို့နယ်ဇင်ပြွန်းကျေးရွာအုပ်စု မင်းဘူး-အမ်းလမ်း မိုင်တိုင် အမှတ် (၃၈/၀)ရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေး ဂိတ် နှင့် ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းရှိ လေလံရောင်း ချမည့်အဆောက်အဦအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ တာဝန်ထမ်းဆောင်နေသော ကုသရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်း
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ တာဝန်ထမ်းဆောင်နေသော ကုသရေးနှင့်ကျန်းမာရေးဝန်ထမ်းများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ(၂၁၃)ဦးရှိ
Jul 14,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မား လျက်ရှိပြီး ဇူလိုင်လ ၁၃ ရက် ယနေ့ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၂၁၄)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေ သကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၂၇၅၄)ဦး အထိရှိလာကြောင်း သိရ သည်။
မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌHome Quarantine ထားရှိသူများအား ကြည့်ရှုအားပေး
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်မန်းကျေးရွာအုပ်စုရှိ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။