သတင်းများ

တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Jul 13,2021
ရန်ကုန်မြို့မှ နေရပ်သို့ ပြန်ရောက်ရှိလာသော တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် သာရဘွင် ကျေးရွာအုပ်စု သာရဘွင်ကျေးရွာမှ အမျိုးသမီး တစ်ဦးသည် ဖျားနေပြီး နှာစေးချောင်းဆိုးနေသဖြင့် ယနေ့ နံနက် ၉ နာရီအချိန် က တကူကျေးရွာအုပ်စု-တကူ(စံပြ)တိုက်နယ်ဆေးရုံ Fever Clinic တွင် လာရောက်သ၍ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည် ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုး အတည်ပြုတွေ့ရှိ (Positive) ဖြစ်သဖြင့် ၎င်းတိုက်နယ်ဆေးရုံရှိ ဇီဝိတသံဃာဆေးရုံအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ (Facility Quarantine) အသွား အလာကန့်သတ်ထားရှိ၍ နေ့စဉ်ကိုယ် အပူချိန်တိုင်းပေးခြင်း၊ အောက်စီဂျင် တိုင်းခြင်းတို့ဖြင့် (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြပ်ပေး သွားမည်ဖြစ် ကြောင်း သိရှိရသည်။
မြစ်သားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 13,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြစ်သားမြို့နှင့် ကူမဲမြို့အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူများ၏ နေအိမ်ပတ်ဝန်းကျင်နှင့် လူစည်ကားရာနေရာများ၊ လူအများသွားလာသည့် လမ်းမများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအစီအမံ ဆောင်ရွက်ထားရှိမှုများ မေးမြန်းချက်
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံအနေဖြင့် လက်ရှိဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံတွင် လက်ရှိ ကုသပေးနေသော ရောဂါလက္ခဏာများနှင့် ပတ်သက်၍ အကြောင်းအရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ ပြည်သူ့ဆေးရုံ၏ တာဝန်ခံ ဒေါက်တာ မင်းစအိုင်မွန်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 13,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ ထိရောက် အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ယာယီ) ရုံးခန်းမ၌ ကျင်းပခဲ့သည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ လျော့နည်းစေရေး အသိပညာပေးခြင်း ဆောင်ရွက်
Jul 13,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ လျော့ပါးစေရန် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယနေ့ နံနက်က မြို့ပေါ်လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြား ပြုလုပ်ပေး
Jul 13,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပန်းခင်းစီမံချက်ဖြစ်သော အသက် ၁၈ နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချူပ်မှု ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ပိတ်ထားသည့် ကာလအတွင်း Onlineမှတဆင့် ဆင်စာဘူဖေးကျွေးမှု (၁၉၅)ကြိမ်ရှိလာ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်း ပိတ်ထားစဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံက သိရသည်။
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။